ကော့သောင်းမြို့တို့ မြိတ်မြို့တို့ ဆိုတာ သိပ်ကိုသာယာတာ
ကျနော် ရန်ကုန်ရောက်လို့ မိတ်ဆွေအသစ်ရတိုင်း ကိုယ့်မြို့လေးအကြောင်း ကြွားလို့မဝခဲ့ဘူး
အခုတော့ ကျနော်တို့မြို့မှာ ကလေးတွေ ဘယ်နှစ်ယောက် တောင်အသတ်ခံနေရပြီဆိုတာကို ရင်နာနာနဲ့တောင် မဖြေနိုင်တော့ဘူး
ဆုံးရှုံးသွားတဲ့ အသက်တွေ နမြောတမ်းတစွာ ပြန်မရနိုင်တော့ပေမယ့်
ရှိနေသေးတဲ့ အရာရာတိုင်းကိုလည်း ထွက်ခွါခွင့်မပြုနိုင်တော့ဘူး
မြန်မာတနိုင်ငံလုံးအပါအဝင် ကျနော့်ကြီးပြင်းခဲ့တဲ့ငယ်မြို့လေးတွေ အရင်လို ပျော်ရွှင်စရာတွေ အပြည့်နဲ့ ပြန်မြင်ချင်တယ်ဗျာ